Showing 148–168 of 664 results

Gadget Max GM-10 Wired Earphone

8,500 Ks
Black
Blue

တပ်ရတာ သက်တောင့်သက်သာရှိပြီး ဈေးသက်သာတဲ့ ကြိုးနားကြပ်လေးရှာနေတယ်ဆိုရင် Gadget Max GM-10 Wired Earphone ရှိတယ်နော်။3.5mm Jack နဲ့မို့ ဖုန်းအမျိုးအစားမရွေး တွဲသုံးလို့ရမယ်။
Function တွေကို Control Button လေးနဲ့အေးဆေးထိန်းချုပ်လို့ရတဲ့အပြင် HD Mic လည်းပါတာမို့ ဖုန်းပြောရင်လည်း ကြည်ကြည်လင်လင်နဲ့ပြောလို့ရဦးမယ်။ကြိုးအရှည်ကလည်း 1.2meters မို့ အိတ်ကပ်ထဲထည့်ထားပြီး နားထောင်လည်း အဆင်ပြေပါတယ်။

Gadget Max GM-14 Wireless Headset

17,500 Ks
Black

ကားမောင်းရင်း ဖုန်းပြောတတ်သူလေးတွေအတွက် Gadget Max GM-14 Wireless Headset လေးကတော့ မရှိမဖြစ်ပဲနော်။
ဒီကောင်လေးက Bluetooth Version 5.0 နဲ့မို့ ချိတ်ဆက်ရတာ လွယ်ကူလျင်မြန်ပါတယ်။Battery Capacity ကလည်း 70mAh နဲ့မို့ ၁နာရီလောက်အားသွင်းပြီး ၄နာရီလောက် အသုံးခံပါတယ်နော်။အားသွင်းရင်လည်း Micro Port နဲ့မို့ အားသွင်းကြိုး သက်သက် လိုက်ရှာနေစရာမလိုတော့ပါဘူး။
Function တွေကို စမတ်ကျကျ ထိန်းချုပ်နိင်ဖို့ Control Button လည်းပါသေးတာမို့ ကားမောင်းရင်းလည်း အန္တရာယ်ကင်းကင်းနဲ့ ဖုန်းပြောနိုင်ပြီပေါ့။

Gadget Max GM-22 Gaming Wired Earphone

25,000 Ks
Black Red

ဂိမ်းဆော့ချိန်မှာလည်း အထာကျနေရမယ်။ ပုံမှန်သုံးတဲ့အချိန်မှာလည်း အထာကျနေရမယ် ဆိုရင်တော့ Gadget Max GM-22 Gaming Wired Earphone လေးရှိပါတယ်နော်။3.5mm Jack နဲ့ Gaming အတွက် နားကြပ်ခေါင်းအစောင်း Style လေးရယ်က အသက်ပါပဲ။
ဒါ့အပြင် Function တွေကို One Control Button နဲ့ ထိန်းချုပ်နိုင်မှာဖြစ်ပြီး အသံ အတိုး/အချဲ့ အတွက် ခလုတ်လေးလည်း ပါပါသေးတယ်။ဂိမ်းဆော့ရတာပျင်းလာတဲ့အခါ ရိုးရိုး နားကြပ်စတိုင်လေးနဲ့လည်း အသုံးပြုနိုင်/ ဖုန်းပြောနိုင်တယ်ဆိုတော့ ဘက်စုံသုံးလို့ရနိုင်တဲ့ Gaming ကြိုးနားကြပ်လေးပေါ့။

 

Gadget Max GM-23 Wireless Earbuds

37,500 Ks
Black
White

သံစဉ်တွေကို အပြည့်အဝခံစားနိုင်ဖို့ Gadget Max GM-23 Wireless Earbuds ရှိမှဖြစ်မယ်နော်။Bluetooth Versio 5.0 နဲ့မို့ ချိတ်ဆက်ရာမှာ မြန်ဆန်စေပါတဲ့အပြင် နားနဲ့ကွက်တိ ဒီဇိုင်းလေးမို့ တပ်ထားတဲ့အခါမှာလည်း သက်တောင့်သက်သာ ရှိစေပါတယ်။Type C Port လေးနဲ့အားသွင်းလို့ရပြီး Battery ကလည်း Earbuds Battery (30mAh) ၊ Case Battery (200mAh) ပါဝင်တာမို့ တစ်ခါအားသွင်းထားရုံနဲ့ (4/5) နာရီလောက်စိတ်ကြိုက်နားဆင်နိုင်ပါတယ်။

Gadget Max GM-S10 Socket

79,500 Ks
White

ပလပ်ပေါက်လည်းများများပါရမယ် USB အပေါက်လည်း များမျးပါတဲ့ Socket ရှာနေတဲ့သူတွေအတွက် Gadget Max GM-S10 Socket လေးကို မိတ်ဆက်ပေးချင်ပါတယ်။
ဒီကောင်လေးမှာဆို ပလပ်ပေါက် ၁၀ခု အပြင် USB အပေါက်ကလည်း ၆ခုပါတာမို့ Device တွေ အများကြီး တစ်ပြိုင်တည်း အားသွင်းလို့ရပါတယ်။ နောက်ပြီး သူ့မှာပါတဲ့ USB Port တွေထဲမှာ 18W QC ရတဲ့ USB တစ်ပေါက်နဲ့ iPhone ‌တွေအတွက်ပါ အဆင်ပြေတဲ့ 18W Type-C PD တစ်ပေါက်လည်းပါပါ‌သေးတယ်။
အပူချိန် ၈၅၀° အထိ ခံနိုင်တဲ့ Material ကိုအသုံးပြုပေးထားတော့ အိမ်သုံးပဲဖြစ်ဖြစ်၊ ရုံသုံးပဲဖြစ်ဖြစ် ဘေးကင်းကင်းနဲ့ စိတ်ချလက်ချ သုံးနိုင်တာပေါ့။

Gadget Max GM08 Wired Earphone

6,000 Ks
Black
White

ဈေးသက်သက်သာသာနဲ့ သက်တောင့်သက်သာဖြစ်စေမယ့်နားကြပ်လေးတွေကိုရှာနေတဲ့သူတွေအတွက် Gadget Max ရဲ့ GM08 လေးရှိပါတယ်။ သူ့အရှည်လေးက 1.2mဖြစ်ပြီးတော့ သူ့ speaker ကလည်း 10mm ဆိုတော့ ကြည်လင်တဲ့သီချင်းသံလေးတွေကို ကြားနေရစေမယ့်အပြင် ဖုန်းအကိုင်အချကိုလည်း controlလုပ်လို့ရမှာဆိုတော့ သွားလေရာသီချင်းနားထောင်တတ်တဲ့သူတွေအတွက်အဆင်ပြေစေမှာပါ။

Gadget Max GM12 Wireless Earbuds

59,500 Ks
Tranish

ကြည့်လိုက်တာနဲ့ ဆွဲဆောင်မှုရှိတဲ့ TWS လေးရှာနေတယ်ဆိုရင်တော့ ဒီရဲ့ Gadget Max GM12 Earbuds လေးရှိပါတယ်။
ပေါ့ပါး သပ်ရပ်တဲ့ဒီဇိုင်းအထာကြောင့်လည်း အိတ်ကပ်ထဲ ထည့်သွားရုံပဲ။ထိထိမိမိ Smart Touch Control နဲ့ လုပ်ဆောင်ချက်တွေ ပိုပြီး မြန်ဆန်စေမှာပါ။ချိတ်ဆက်သုံးဖို့အတွက်လည်း Bluetooth 5.1 Version ကိုသုံးထားပါသေးတယ်။
Case ဘက်ထရီပမာဏ (300mAh) ထိရှိပြီး နားကြပ်ခေါင်း ဘက်ထရီပမာဏ (30mAh) ပါဝင်တာမို့ အားတစ်ခါသွင်းထားရင် ၄ နာရီနီးပါး အသုံးခံပြီး အားပြန်သွင်းဖို့အတွက်လည်း Type C Port လေးသုံးပေးထားပါတယ်။

Gadget Max GM13 Wireless Earphone

27,000 Ks
Black

အားကစားလုပ်ဖို့ earbuds ကိုမကြိုက်ဘူး neckband လေးတွေရှာနေတဲ့သူတွေအတွက် Aluminum alloy cavity နဲ့လုပ်ထားတဲ့ Gadget Max ရဲ့ GM13 လေးရှိပါတယ်။ သူ့မှာ magnetic adsorption လည်းရပြီးတော့ အသံအတိုးအလျှော့လုပ်ဖို့ control buttonလေးလည်းပါပါသေးတယ်။ Battery ကလည်း 110mAh နဲ့ play time 6 နာရီဆိုတော့ gym ဆော့နေချိန် အားကစားလုပ်‌နေချိန် တစ်လျှောက်လုံးတပ်ထားလို့ရပါတယ်။ Neckband ဆိုတော့ မသုံးချင်တော့ရင် ဂုတ်မှာချိတ်ထားလို့ရတော့ earphone တွေခနခနပျောက်တတ်တဲ့သူတွေအတွက် အဆင်ပြေစေမှာပါ။

Gadget Max GM15 Wired Headphone

27,500 Ks
Black

ဈေးသက်သက်သာသာထဲက ကြိုးနားကြပ်လေးရှာနေတဲ့သူတွေအတွက် Gadget Max GM15 Wired Headphone လေးရှိတယ်နော်။နားကြပ်လေးက ရာဘာသားအိအိလေးနဲ့ပြုလုပ်ထားတာမို့ အကြာကြီးတပ်ထားလည်း နားနာမှာတွေ စိတ်ပူစရာမလိုပါဘူး။
3.5mm Jack လေးနဲ့ဆိုတော့ ဖုန်းတော်တော်များများနဲ့ တွဲသုံးလို့ရမယ်။အသံ အတိုး၊အကျယ်နဲ့ ကျော်တာဘာညာ လုပ်ဖို့လည်း Control Button လေးရော ပါပါသေးတယ်။

Gadget Max GM20 Wired Earphone

9,000 Ks
Black
Pink
Red
White

ဆီလီကွန်အစွပ်လေးတွေနဲ့မှ သက်သောင့်သက်သာရှိတယ်ဆိုတဲ့သူတွေအတွက်ကတော့ ဒီ Gadget Max GM20 Wired Earphone လေးရှိတယ်နော်။
One Control Button နဲ့လုပ်ဆောင်ချက်တွေကို ထိန်းချုပ်နိုင်ပြီး HD MIC နှင့်ကြည်လင်စွာဖုန်းပြောနိုင်ပါသေးတယ်။
3.5mm Jack ဖြစ်လို့ ဖုန်းအမျိုးအစားမရွေးပြန်ဘူး ကြိုးအရှည်ကလည်း (၁.၂မီတာ)မို့ စတိုင်ကျကျ အိတ်ကပ်ထဲ ထည့်ပြီး အေးဆေးနားဆင်ရုံပဲနော်။

Gadget Max GM2020 Micro Charger Set

12,000 Ks
Black
White

အားသွင်းကြိုးနဲ့ အားသွင်းခေါင်းတွဲရက်ပါတဲ့ထဲက Charger Set လေးရှာနေတယ်ဆိုရင် Gadget Max GM2020 Micro Charger Set လေးရှိပါတယ်။
3A ကိုမှ 18W အထိ Output ပေးနိုင်လို့ အားအဝင်လည်း မြန်ချက်ပဲ။
Qualcom Quick Charge 3.0 ပါ Support ပေးထားသေးတာမို့ ဈေးသက်သက်သာသာနဲ့ အကြမ်းခံတာလေးရချင်တဲ့သူတွေအတွက် လုံးဝအဆင်ပြေပါတယ်နော်။

Gadget Max GM2021 Type C Charger Set

13,000 Ks
Black
White

Type C ဖုန်းတွေကို အမြန်ဆုံးနှုန်းနဲ့ အားပြည့်စေမယ့် Gadget Max GM2021 Type-C Charger Set လေးကို မိတ်ဆက်ပေးမယ်နော်။
18W Output နဲ့မို့ ၁မိနစ်ကို ၁% နှုန်းလောက်နဲ့ ဝင်မှာမို့ အားပြည့်ဖို့ အကြာကြီး ထိုင်စောင့်နေစရာမလိုပါဘူး။
ခိုင်ခံ့တဲ့ ABS Material တွေကို သုံးပေးထားပြီး ကျစ်လစ်တဲ့ အရွယ်အစားနဲ့မလို့ အိတ်ဆောင်သွားဖို့အတွက်လည်း အတော်ပါပဲ။

Gadget Max GM2023 (20W) Charger

11,000 Ks
White

Type C အားသွင်းခေါင်းထဲက သေးသေးလေးရှာနေတဲ့သူတွေအတွက် Gadget Max GM2023 (20W) Charger လေးရှိပါတယ်။
20W အားအထွက်နဲ့ Fast Charging ရတဲ့ Device တွေကို အမြန်ဆုံးအားဖြည့်ပေးနိုင်တယ်။
Type-C Charger လေးဖြစ်တာကြောင့် Type-C To Type-C | Type-C To Lightning ကြိုက်တဲ့ Cable နဲ့ ချိတ်ဆက်အသုံးပြုနိုင်တယ်။
လက်တစ်ကိုင်စာအရွယ်လေးဆို‌တော့ ဘယ်သွားသွား ယူသွားလို့အဆင်ပြေပါတယ်နော်။

Gadget Max GM33 (Lovely Kitty Series) Wireless Earbuds

69,500 Ks
Gray
Pink

ချစ်စရာ earbuds ရှာနေရင် Gadget Max ရဲ့ GM33 Lovely Kitty Series က ချစ်စရာကြောင်ရုပ် TWS လေးရှိပါတယ်။ သူ့ battery က 30mAH ဖြစ်ပြီး playtime က 4 နာရီဝန်းကျင်လောက် နားထောင်လို့ရတော့ အနားယူတဲ့အချိန်အေးဆေးသံစဉ်လေးနဲ့ငြိမ့်ရုံပါပဲ။ ချစ်စရာလည်ဆွဲကြိုးလေးလည်းပါတော့ လည်ပင်းမှာဆွဲထားပြီး သွားလေရာသယ်သွားရုံပါပဲနော်။

Gadget Max GMC1221 Type C Cable

7,000 Ks
Black
White

အားသွင်းကြိုးကို အကြမ်းခံတာ၊ ခွေခေါက်ထားလည်း တော်ရုံမမှုတဲ့ Type C ကြိုးမျိုးရှာနေတယ်ဆိုရင်တော့ Gadget Max GMC1221 Type C Cable လေးရှိတယ်နော်။
အပူဒဏ်ခံနိုင်တဲ့ခေါင်းတွေ ၊ အကြမ်းခံတဲ့ကျစ်ကြိုးသားကို အသုံးပြုထားလို့ ကြာရှည်အသုံးခံပါတယ်။3A အားအထွက်နဲ့မို့ အားအဝင်လည်းမြန်တဲ့အပြင် Data တွေလည်း အမြန်ဆုံး ကူးလို့ရပါတယ်နော်။

Gadget Max GMOD20 Outdoor Speaker

119,500 Ks
Black

အနုပညာပိုး ပါလွန်းလို့ မြူးမြူးကြွကြွ သီချင်းသံတွေကြားရင် မကဲရမနေနိုင်တဲ့ အကဲတစ်လိုင်းလေးတွေအတွက် အချိန်တိုင်း နေရာတိုင်း စိတ်လွတ်လက်လွတ် ဝုန်းဒိုင်းကြဲနိုင်မယ့် Gadget Max GMOD20 Outdoor Speaker လေးရှိတယ်နော်။
Speaker Output ကလည်း 20W နဲ့မို့ အသံထွက်ကတော့ ရှယ်မိုက်သောပါပဲ။
Radio Mode လည်း ပါသေးတာမို့ Radio နားထောင်ချင်တဲ့သူတွေအတွက်လည်း အဆင်ပြေပါတယ်။
Battery ကလည်း 1800mAh နဲ့မို့ 2နာရီလောက် အားသွင်းပြီး 3 နာရီလောက်ထိ အေးဆေးသုံးလို့ရပါတယ်။

Gadget Max GMOD60 Outdoor Speaker

299,500 Ks
Black

Party အတွက် Bass အသံထွက်အားကောင်းတဲ့ speaker လေးကိုရှာနေရင် Gadget Max ရဲ့ GMOD60 outdoor speaker လေးရှိပါတယ်။ သူ့ battery capacity က 14400mAh ဖြစ်ပြီးတော့ 5 နာရီလောက် တစ်ဝကြီးကဲလို့ရနိုင်မှာပါ။

Gadget Max GMPT-40 Party Box

245,000 Ks
Black

အိမ်မှာနေရင်းပဲ Party Mode On ချင်တဲ့သူတွေအတွက် Gadget Max GMPT-40 Party Box လေးရှိပါတယ်နော်။
၈လက်မအရွယ် Speaker လေး လေးပေမဲ့ 40W အသံထွက်အားနဲ့မို့ အမိုက်စား Bass သံတွေကို ခံစားရစေမှာပါ။
Wireless Mic တစ်လုံးပါတဲ့အပြင် Wired Mic တစ်လုံးချိတ်ဖို့ အပေါက်တစ်ပေါက်လည်း ပါပါသေးတယ်။
Mic-Pri Function ပါဝင်တာကြောင့် Mic အသုံးပြုတဲ့အခါ အလိုအလျောက်အသံရပ်ပေးနိုင်တဲ့အပြင် Treble , Bass , Echo တို့ကိုလည်း ကြိုက်သလိုချိန်ညှိလို့ရတယ်။
TWS Mode / Wireless ချိတ်ဆက်ဖို့ Bluetooth 5.0 /AUX Card / USB Port များနဲ့လည်း ချိတ်ဆက်ပြီးအသုံးပြုနိုင်ပါတယ်နော်။

Gadget Max GMSC03 Socket

47,500 Ks
Black

Gadget Max ရဲ့ GMSC03 လေးက 2500W အထိရတဲ့ socket လေးဖြစ်ပါတယ်။ သူ့ကြိုးအရှည်က 6.5 ft ရှည်ပြီးတော့ ပလပ်ပေါက် 3 ပေါက်နဲ့ USB port 3 port ပါလို့ device 6 ခုတစ်ခါတည်းပြိုင်သုံးလို့ရနိုင်မှာဖြစ်ပါတယ်။ သူ့မှာ power button လေးလည်းပါသေးတာမလို့ အသုံးမပြုတော့ရင်ပိတ်ထားလို့ရတော့ အန္တရာယ်ကင်းကင်းလို့သုံးလို့ရနိုင်မှာပါ။

Gadget Max GMSC04 Socket

55,500 Ks
White

အိမ်တစ်အိမ်မှာ ပလပ်ပေါက်များများပါတဲ့ Socket တစ်ခုလောက်ကတော့ မရှိမဖြစ်ရှိသင့်ပါတယ်။
အဲ့ဒါကြောင့် PD 20W ထွက်တဲ့ Type-C (1) ပေါက်၊QC 18W Quick Charge (1) ပေါက်၊12W အများဆုံးထွက်တဲ့ USB (2) ပေါက် ပါတဲ့ Gadget Max GMSC04 Socket လေးကို မိတ်ဆက်ပေးချင်ပါတယ်။
ကြိုးအရှည်က ၆ပေခွဲတောင်မို့ ကိုယ်သုံးချင်တဲ့နေရာထိ ဆွဲသုံးယုံပါပဲ။
Child Safety Door လည်းပါတာမို့ အန္တရာယ်ကင်းကင်းနဲ့ စိတ်ချလက်ချသုံးလို့ရပါတယ်နော်။

Gadget Max GX02 Micro Cable

5,000 Ks
Black Red
Black White

ကြိုးသားကျစ်ကျစ်လစ်လစ်နဲ့ ဈေးသက်သက်သာသာထဲက Micro အားသွင်းကြိုးလေးရှာနေတယ်ဆိုရင် Gadget Max GX02 Micro Cable လေးရှိတယ်နော်။
2.4A အားအထွက်နဲ့မို့ အားအဝင်နှေးတာမျိုးဖြစ်မှာ စိုးရိမ်စရာမလိုဘူးနော်။ကြိုးအရှည်ကလည်း ၁မီတာမို့ လုံလုံလောက်လောက် သုံးနိုင်တဲ့ကြိုးလေးပါ။